Intel ကုမ္ပဏီသည် အနာဂတ်တွင်
ထွက်ပေါ်လာမည့် Ultabook နှင့်ဆဲလ်ဖုန်းတို့အကြား ချိတ်ဆက်မှုအတွက် Integrated
Device Technology ကိုမိတ်ဆက်ကြေညာခဲ့ပြီး ၎င်းသည် အနာဂတ်တွင် ထွက်ပေါ်လာမည့်
Ultrabook များ၌ ထုတ်ကုန်များကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည့် chipset
များအား
တီထွင်ထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ Intel
(WCT) ၏ Wirelss Charging Technology ဟုအမည်ရသော တီထွင်ဖန်တီးမှုသည်
အားကုန်ခမ်းသွားသည့် gadget ကို WCT dection software ဖွင့်ထားပြီး WCT
အသုံးပြုနိုင်သည့် Ultabook ၏ တစ်လက်မအကွာအဝေးတွင် တစ်နာရီအကြာခန့် ထားရုံဖြင့်
အားအပြည့် သွင်းပေးနိုင်မည်ဖြစ်သည်။ အဆိုပါ chipset ကို ၂၀၀၃ ခုနှစ်အစောပိုင်းတွင်
reference design အနေဖြင့် ထုတ်လုပ်ရန်အသင့်ရှိနေကြောင်း Intel ကုမ္ပဏီမှ
ပြောကြားခဲ့သော်လည်း သုံးစွဲသူများထံ အဆိုပါနည်းပညာ ရောက်ရှိလာမည့်အချိန်ကိုမူ
ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ရေးသားသူ -နောင်နောင်
No comments:
Post a Comment