INFORMATION TECHNOLOGY

Wednesday, August 7, 2013

မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။

ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်
ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွား သည်တွင် ဒိုင်နမိုကို လှည့် ပေး
သကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။

သဲအိတ်ငယ် အောက် ဆုံးသို့ ရောက်ရှိသွားပါကအပေါ်ဆုံး ပြန်ရောက်အောင်
သုံးစက္ကန့်ခန့် သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။

ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကို
လန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။

ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ
သော လူသား သန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင်ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။

ဆော့ဖ်ဝဲပရိုဂရမ်သမားများအနေဖြင့် ငွေကြေးအရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ သူဌေးဖြစ်လာနိုင်

ကွန်ပျူတာ software programmer  သမားများအနေဖြင့် ငွေကြေးအရင်းအနှီး စိုက်ထုတ်စရာမလိုဘဲ သန်းကြယ်သူဌေး ဖြစ်လာနိုင်ကြောင်းသိရသည်။ “Software Programmer“ တွေက တခြားကွန်ပျူတာ Field  က လူတွေနဲ့မတူ ဘူး။ ဆိုလိုတာက ကျွန်တော်တို့ ဂရပ်ဖစ် သမားတို့၊ game  တို့ရေးတဲ့လူနဲ့ မတူဘူး။ ဂရပ်ဖစ်ဒီဇိုင်နာတို့၊ game  ရေးဆွဲတဲ့သူ တွေက emotion  နဲ့လုပ်ရတာဆိုတော့ emotion  ကောင်းမှ အောင်မြင်နိုင်တယ်။ Software Programmer  သမားအတွက် emotion  မလိုဘူး။ အချိန်လည်း သတ် သတ်မှတ်မှတ်ပေးစရာလည်း မလိုဘူး။ ပြီးတော့ ငွေကြေးအရင်း အနှီးမရှိသေးလို့ ကိုယ်က company  တစ်ခုခုမှာဝင်လုပ် နေရပေ မယ့် မိမိရတဲ့အားလပ်တဲ့အချိန် တွေ ရေးနေလို့ရတယ်။ တကယ်လို့ မိမိရေး ထားတဲ့ product  ကသာ ပေါက်သွားရင်သန်းကြွယ်သူဌေးထိ ဖြစ်နိုင်တယ်။ Software Programmer  လမ်းကြောင်းကလည်းရေ ရှည်ကြည့်မယ်ဆိုရင် အရမ်းကောင်း တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်လုပ် ငန်းတော်တော်များများမှာ software  တွေကို သုံးကြမှာဖြစ်လို့ ပါ။ အဲဒါကြောင့် software  သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းက ပျောက်သွားဖို့မရှိဘူး” ဟွုကျအသ မှ ဦးဝင်းထိန်ဝင်းက ပြောသည်။ Software Programmer  သမားတစ်ယောက်ဖြစ်ဖို့ လေ့လာ ရသည်မှာ ယခုခေတ်တွင် အလွန် လွယ်ကူပြီး Software Programmer  သမားအနေဖြင့်လည်း အ သစ်ထွက်ပေါ်လာသော software  များကို အင်တာနက်ပေါ်တွင် လေ့ လာဖို့လိုအပ်သည်ဟုလည်း သိရ သည်။ လက်ရှိ software programmer  သမားများတွင် JAVA  သမားများထက် .Net  က ပိုမိုဝင် ငွေပိုကောင်း သည်ဟုလည်း သိရသည်။ - See more at: http://myanmarinternetjournal.com/content/905#sthash.oY78JcJu.dpuf

Ultabook အချို့၌ ကြိုးမဲ့အားသွင်းနည်းပညာ ပါဝင်လာမည် - See more at: http://myanmarinternetjournal.com/content/5159#sthash.x0yHpbqW.dpuf

Intel ကုမ္ပဏီသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် Ultabook နှင့်ဆဲလ်ဖုန်းတို့အကြား ချိတ်ဆက်မှုအတွက် Integrated Device Technology ကိုမိတ်ဆက်ကြေညာခဲ့ပြီး ၎င်းသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် Ultrabook များ၌ ထုတ်ကုန်များကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည့် chipset များအား
တီထွင်ထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ Intel (WCT) ၏ Wirelss Charging Technology ဟုအမည်ရသော တီထွင်ဖန်တီးမှုသည် အားကုန်ခမ်းသွားသည့် gadget ကို WCT dection software ဖွင့်ထားပြီး WCT အသုံးပြုနိုင်သည့် Ultabook ၏ တစ်လက်မအကွာအဝေးတွင် တစ်နာရီအကြာခန့် ထားရုံဖြင့် အားအပြည့် သွင်းပေးနိုင်မည်ဖြစ်သည်။ အဆိုပါ chipset ကို ၂၀၀၃ ခုနှစ်အစောပိုင်းတွင် reference design အနေဖြင့် ထုတ်လုပ်ရန်အသင့်ရှိနေကြောင်း Intel ကုမ္ပဏီမှ ပြောကြားခဲ့သော်လည်း သုံးစွဲသူများထံ အဆိုပါနည်းပညာ ရောက်ရှိလာမည့်အချိန်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

ရေးသားသူ -နောင်နောင်

Wi-Fi ကိုအသုံးပြုပြီး နံရံများအား ဖောက်ထွင်းမြင်နိုင်မည့် ထောက် လှမ်းရေးကိရိယာကို သုတေသီများတီထွင် -

ထူထဲသည့် နံရံအနောက်ဘက်ရှိ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းပေးနိုင်မည့် ထောက်လှမ်းရေးကိရိယာ ရှေ့ပြေးပုံစံတစ်မျိုးအား အင်္ဂလန်နိုင်ငံရှိ သုတေသီများက ဖန်တီးတီထွင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါကိရိယာသည် Wireless router များနှင့် access points များမှထွက်ပေါ်လာသည့်

Wi-Fi signal များ၏ ကြိမ်နှုန်းပြောင်းလဲမှုကို ခြေရာခံနိုင်သည့်အတွက် အဆောက်အဦးများအတွင်းနှင့် နံရံအနောက်ဘက်ရှိ လူများ၏လှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါကိရိယာသည် ခရီးဆောင်လက်ဆွဲသေတ္တာတစ်ခု၏ အရွယ်နီးပါးရှိပြီး အင်တာနာနှစ်ခုနှင့် signal processing unit တစ်ခုပါဝင်ကာ နံရံကိုဖောက်ထွင်းမြင်နိုင်မည့် passive radar system တစ်ခုအဖြစ်လုပ်ဆောင်နိုင်ကြောင်း PopSci.com မှဖော်ပြခဲ့သည်။ ထို့အပြင် နံရံအနောက်ဘက်ရှိ လူတစ်ဦး၏ တည်နေရာ၊ အမြန်နှုန်းနှင့် ဦးတည်ရာတို့ကို တွက်ချက်ပေးနိုင်သော်လည်း လှုပ်ရှားမှုမရှိဘဲနေသည့်လူများကိုမူ စုံစမ်းထောက်လှမ်းနိုင်ခြင်းမရှိကြောင်း သိရသည်။ ၎င်းကိရိယာကို လန်ဒန်ကောလိပ်တက္ကသိုလ်မှ Karl Woodbridge နှင့် Kevin Chetty ဆိုသူတို့က တီထွင်ဖန်တီးခဲ့ကြပြီး အဆောက်အဦးများစစ်ဆေးသည့် မြို့တွင်းတိုက်ပွဲများတွင် အသုံးပြုနိုင်ရန် ယူကေကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း PopSci မှဖော်ပြခဲ့သည်။

ရေးသားသူ -နောင်နောင်
Ref: CNET
- See more at: http://myanmarinternetjournal.com/content/5013#sthash.HlQp7Zm0.dpuf